Skip to main content

Posts

Showing posts from March, 2026

AI တွေကို မျက်စိမှိတ်မယုံပါနဲ့

  AI ကထုတ်ပေးတဲ့ အဖြေတိုင်းကို အမှန်လို့ယူဆပြီး copy-paste ဆွဲနေမိတယ်ဆိုရင်တော့ အဲ့ဒီ့အကျင့်ကို ရပ်တန်းကရပ်ဖို့ လိုနေပြီ။ ၂၀၂၆ ရောက်ပြီဆိုတော့ လုပ်ငန်းခွင်တွေက AI ကြောင့် တော်တော်လေး ပြောင်းလဲသွားကြပြီ။ AI က ကိုယ်လိုချင်တဲ့ အကြံဉာဏ်တွေကို စက္ကန့်ပိုင်းအတွင်း ပေးနိုင်တယ်၊ အလုပ်တွေကိုလည်း ဆယ်ဆပိုမြန်အောင် ကူညီပေးနိုင်တယ်။ လုပ်ငန်းကြီးတွေမှာဆိုရင် လူတွေနေရာမှာ AI နဲ့အစားထိုးတာတွေ၊ အလုပ်ခေါ်စာတွေမှာ AI ကို မဖြစ်မနေတတ်ထားသင့်တဲ့ skill တစ်ခုအနေနဲ့ ထည့်သွင်းဖော်ပြလာတာတွေကို နေ့စဉ်နဲ့အမျှ မြင်ရနေပြီ။ ဒါပေမဲ့ AI ကလူမှ မဟုတ်တာ။ သူက အချက်အလက်တွေကို ခန့်မှန်းပေးတဲ့ စက်တစ်ခုပဲဖြစ်တဲ့အတွက် အမှားတွေ ပါနိုင်တယ်။ AI ပြောသမျှကို အမှန်လို့ ယူဆပြီး အရေးကြီးတဲ့ decision တွေချမယ်ဆိုရင် ဒါက တာဝန်အရမ်းကြီးတယ်။ AI ဆိုတာ အင်ဂျင်တစ်လုံးလိုပဲ သူကအရှေ့ကို အရှိန်နဲ့သွားနိုင်ပေမဲ့ လမ်းမှန်မမှန်ကိုတော့ ပဲ့ကိုင်ပေးမှာ မဟုတ်ဘူး။ သူပြောတဲ့အဖြေတွေကို မျက်စိစုံမှိတ်ပြီး ယုံလိုက်ရင် လမ်းမှားသွားနိုင်တယ်။ ဒီတော့ AI ကပေးတဲ့ ရလဒ်ကောင်းတွေကို အပြည့်အဝ အသုံးချနိုင်ဖို့ဆိုရင် ကိုယ့်ရဲ့ဆင်ခြင်ဉာဏ်နဲ့ ပြန်ပြီး smart ကျကျ စစ်ဆေ...

Journaling ဘယ်ကစလုပ်ရမှန်းမသိတဲ့သူတွေအတွက်

လူငယ်တွေကြားမှာ Journaling က ဘာကြောင့် ဒီလောက် Trend ဖြစ်လာရတာလဲ? ဘာဖြစ်လို့လဲဆိုတော့ Journaling လုပ်ခြင်းရဲ့ အကျိုးကျေးဇူးတွေက တကယ်ကို ထင်ရှားလို့ပါပဲ။ Journaling က အတွေးတွေကို စနစ်တကျစီမံနိုင်ပြီး ဆုံးဖြတ်ချက်တွေ ပိုကောင်းလာစေသလို၊ ကိုယ့်ကိုယ်ကိုယ်လည်း ပိုနားလည်လာစေပါတယ်။  ဒီ Blog Post မှာတော့ Journaling အခုမှစလုပ်မဲ့သူတွေအတွက် သိထားသင့်တဲ့အချက်တွေနဲ့ လူတွေနားလည်မှုလွဲနေတဲ့ အကြောင်းအရာတွေကို Sharing လုပ်ပေးသွားမှာပါ။ Journaling ဆိုတာ တကယ်တော့... စာစီစာကုံးရေးတာ မဟုတ်ပါဘူး လူတော်တော်များများက Journaling ဆိုတာကို "စာမျက်နှာအပြည့် စာတွေအများကြီးရေးရမှာ" လို့ထင်ပြီး ကြောက်နေတတ်ကြတယ်။ တကယ်တော့ Journaling ရဲ့ အဓိကရည်ရွယ်ချက်က  "ကိုယ့်ရဲ့ အတွေးတွေ၊ ခံစားချက်တွေကို ပုံဖော်တာ"  ပါပဲ။ ဒါကြောင့် စာရေးမှရယ်မဟုတ်ဘဲ၊ ကိုယ့်စိတ်ကိုဖော်ပြဖို့ တခြားနည်းလမ်းတွေ အများကြီးရှိပါတယ်။ စာရေးရမှာပျင်းတဲ့သူတွေအတွက် Journaling နည်းလမ်း (၄) မျိုး ၁။ Visual Journaling (ရုပ်ပုံနဲ့ ဖော်ပြတာ) စာရေးတာထက် ပုံဆွဲရတာ၊ Stickers လေးတွေကပ်ရတာကို ပိုသဘောကျတဲ့သူတွေအတွက် အကောင်းဆုံးနည်းလမ်းပါ။ ကိုယ့်ခံစာ...